ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းအေး ဦးဆောင်၍ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်ရီရီလှ ၊ တိုင်းရင်းဆေးမှူး ဒေါ်ခင်မြတ်ကျော် ၊ အငယ်တန်းစာရေး ဒေါ်ကြူကြူဝင်း တို့ပါဝင်သောကွင်းဆင်းဆေးကုသရေးအဖွဲ့ သည်(၁၇.၁၀.၂၀၂၃) ရက် (အင်္ဂါနေ့)တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ နံနက် (၁၀)နာရီမှ ညနေ(၃)နာရီအထိ၊ အမျိုးသမီးများနှင့် မီးယပ်ရောဂါအကြောင်းအရာခေါင်းစဥ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး၊ ဟောပြောပွဲတက်ရောက်သူဦးရေ(၉၀)တက်ရောက်ခဲ့ကာ လူနာစုစုပေါင်း မ(၆၈)ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ခြင်းနှင့် ဆေးဖက်ဝင်အပင်များ စိုက်ပျိုးနိုင်ရန်အတွက် လှူဒါန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။