ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန မာန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမြင့်ဦး ဦးဆောင်ပါဝင်သောအဖွဲ့သည် (၁၅-၁၀-၂၀၂၃) ရက်နေ့တွင် မာန်အောင်မြို့နယ် ကုန်းခင်အုပ်စု ကုန်းခင်ကျေးရွာ အ မ က ကျောင်း၌ လူကြီးကျား ၁၅ ဦး လူကြီးမ ၃၅ ဦး ကျားလူငယ် ၅ ဦး မလူငယ် ၅ ဦး စုစုပေါင်း ၆၀ ဦးတို့အား ကွင်းဆင်းကုသခဲ့ပြီး ကျေးလက်နေပြည်သူ ၆၀ ဦး အား ကျန်းမာရေးပညာပေးဟောပြောမှု ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။