ပဲခူးတိုင်းဒေသကြီး ၁၆ ခုတင်ဆံ့ ညောင်လေးပင်တိုင်ရင်းဆေးရုံမှ ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏ ဦဆောင်လမ်းညွှန်မှုဖြင့် ညောင်လေးပင်တိုင်ရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်ရီရီဝင်းနှင့် အကြီးတန်းစာရေး ဒေါ်ခိုင်သဇင်ဦးတို့သည် မြောက်ကျောင်းဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ အခမဲ့ဆေးဝါးများ ဆောင်ရွက်ရာတွင် ကျား(၁၀)ဦး မ(၃၅)ဦး စုစုပေါင်း(၄၅)ဦးနှင့် ဆီးချိုရောဂါအကြောင်းပညာပေး ဟောပြောခြင်း ကို (၆၅)ဦးအား ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။