ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် (၁၆)ခုတင်ဆံ့ ပုသိမ်တိုင်းရင်းဆေးရုံမှ (၁၄.၁၀.၂၀၂၃) ရက်၊ စနေနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်အေးအေးအောင်နှင့် (၁၆)ခုတင်ဆံ့ ပုသိမ်တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်ဇာနည်စိုး ဦးဆောင်သော အဖွဲ့ဝင်(၅)ဦး တို့ပူးပေါင်း၍ ငွေဆောင်မြို့နယ်ခွဲ၊ ရေသိုးကျေးရွာ၌အခမဲ့ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား(၁၅)ဦး၊ မ(၂၁)ဦး ၊ စုစုပေါင်း လူနာ (၃၆)ဦးတို့အား အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။