ရှမ်းပြည်နယ် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အေးသာယာ(တောင်ကြီး)မှ ဆေးရုံအုပ်နှင့် ဆရာ ဆရာမ(၆)ဦး တို့သည် ၁၄-၁၀-၂၀၂၃ ရက်နေ့တွင်တောင်ကြီးမြို့ နမ့်ဟူးအုပ်စု ပလီလင်းကျေးရွာ ထာဝရဓမ္မိရိပ်သာသို့ သွားရောက်ပြီး ရဟန်း(၇)ပါး သီလရှင်(၁၁)ပါး ကျား(၁၃)ဦး မ(၂၁)ဦး စုစုပေါင်း(၅၂)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မူ့လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။