ပဲခူးတိုင်းဒေကြီး ပြည်ခရိုင် ပေါင်းတလည် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၃.၁၀.၂၀၂၃)ရက်နေ့ တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ပေါင်းတလည် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဝင်းသည် ခွေးရဲ(ရွာမ) ကျေးရွာ၌ သွားရောက်၍ အခမဲ့ကွင်းဆင်းဆေးကုသပေးခဲ့ရာ ကျား ၇ ဦး မ ၂၀ဦး စုစုပေါင်း၂၇ဦး တို့အား ဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။