ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ဥက္ကံ (တိုက်ကြီး) မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြိုနယ်တိုင်းရင်းဆေးမှူးဦးစောမင်းထွန်း ဦးဆာင်သောအဖွဲ့သည် (၁၁-၁၀-၂၀၂၃) ရက်နေ့တွင် ဥက္ကံဦးမောင်ရုံးဘိုးဘွားရိပ်သာ၌ အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်းနှင့် သွေးတိုးရောဂါအကြောင်းဟောပြောခဲ့ပြီး လူကြီးကျား(၇)ဦး၊ မ(၁၃) ဦး၊ စုစုပေါင်း(၂၀)ဦးအား ဆေးကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။