ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၁၁.၁၀.၂၀၂၃ ရက်နေ့တွင် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်နွယ်ဝင်း၊ ရုံးအကူ ဦးစောနိုင်ဝင်းထွေးတို့သည် ဂုံမင်းမြောင်ကျေးရွာ၌ အခမဲ့ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျား၁၂ ဦး၊ မ၈ ဦး၊ စုစုပေါင်း ၂၀ဦးတို့အားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။