ရှမ်းပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ လွိုင်လင်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူးနှင့် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူးများ ပါဝင်သောအဖွဲ့တို့သည် ၁၀-၁၀-၂၀၂၃ ရက်နေ့နံနက် (၉)နာရီတွင်စတင်၍ လွိုင်လင်မြို့၊ ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် တိုင်းရင်းဆေးပညာဖြင့် လူနာ ကျား(၁၄)ဦး၊ မ(၂၇) ဦး၊ ကလေးမ(၁)ဦး စုစုပေါင်း (၄၂) ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။