ရခိုင်ပြည်နယ် စစ်တွေခရိုင် မြောက်ဦးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၉-၁၀-၂၀၂၃ ရက်နေ့တွင် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် တိရစ္ဆာန် ကောင်ရေစာရင်း ကောက်ယူခြင်း ဆင့်ပွားသင်တန်းတွင် စစ်တွေခရိုင် မြောက်ဦးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဌေးသည် သင်တန်းသား/သင်သူများအား မိုးရာသီတွင် ဖြစ်ပွား တက်သောရောဂါများအကြောင်း ဟောပြောခဲ့ပြီး သင်တန်းသား/သင်တန်းသူ ၃၅ ဦးတက်ရောက်ခဲ့ပါကြောင်းနှင့် တိုင်းရင်းဆေးများလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။