ဧရာဝတီတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့ ပုသိမ်တိုင်းရင်းဆေးရုံမှ (၈.၁၀.၂၀၂၃) ရက်၊ တနင်္ဂနွေနေ့တွင် ဆေးရုံအုပ် ဒေါ်ဇာနည်စိုးဦးဆောင်၍ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စိုးမြတ်စန္ဒာနှင့် အဖွဲ့ဝင်(၅)ဦး လိုက်ပါလျက် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာရှိ ရွှေမြင်တင်ဘုန်းကြီးကျောင်းတိုက်နှင့် ရွှေမြင်တင် ဘိုးဘွားရိပ်သာ၌ အခမဲ့ ကွင်းဆင်း ဆေးကုသခဲ့ရာ ကျား(၁၅)ဦး၊ မ(၈၅)ဦး ၊ စုစုပေါင်း လူနာ (၁၀၀)ဦးတို့အား အခမဲ့ ဆေးကုသပေးခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။