ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၆.၁၀.၂ဝ၂၃)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်:ဆေးပညာဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းရီသည် ပေါက်ခေါင်း မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့များနှင့်ပူးပေါင်း၍ ဆည်းဆာ ရိပ်ငြိမ် ဘိုးဘွားရိပ်သာ၌ သွားရောက်ပြီးဘိုးဘွားများအားဆေးကုသမှုဆောင်ရွက်ခဲ့ရာကျား(၃) ဦး မ (၁၇)ဦး စုစုပေါင်း ( ၂၀)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။