the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်ခရိုင် ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်ခရိုင် ​ရွှေ​တောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၅.၁၀.၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ​ရွှေ​တောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်​ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင်သည် ​ရွှေ​တောင်မြို့နယ် ပြည်သူ့ဆက်ဆံ​ရေးနှင့်ပြန်ကြား​ရေးဦးစီးဌာန,စားသုံးသူ​ရေးရာဦးစီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်ပူး​ပေါင်း၍ ​ရွှေ​တောင်မြို့ကြာနီကန်ရပ်ကွက်ရှိ (အမကယောဒေါင့်)ကျောင်းသို့ သွားရောက်ကာ တိုင်းရင်းဆေးဝါးသုံးစွဲသူများသိကောင်းစရာအ​ကြောင်း​ကို ကျောင်းသား/​ကျောင်းသူ(၅၂)ဦးအားအသိပညာ​ပေး​ဟော​ပြောခဲ့ပါသည်။ ထို့​နောက် (အမကလှိုင်မြရှင်)​ကျောင်းတွင် ​ကျောင်းသား​/ကျောင်းသူ(၅၈)ဦးအား အဆုတ်ရောင်ရောဂါအ​ကြောင်းအသိပညာ​ပေး​ဟော​ပြောခဲ့ ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်