the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့(၇)ကြိမ်မြောက် အာဆီယံ တိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး တက်ရောက်

ရှေးဦးစွာ တာဝန်ရှိသူများက တိုင်းရင်းဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးဇုန် ဖြစ်ပေါ်လာပုံ ထုတ်လုပ်လျက်ရှိသည့် တိုင်းရင်းဆေးဝါးများအကြောင်း တိုင်းရင်းဆေးပင်မျိုးစိတ်များအကြောင်း၊ တိုင်းရင်းဆေးဝါးတစ်မျိုးစီ၏ အသုံးပြုပုံများကို အသေးစိတ်လိုက်လံရှင်းလင်းပြသခဲ့ကြပါသည်။ ယင်းနောက်မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပြခန်းအတွင်းပြသထားသည့် တိုင်းရင်းဆေးဝါးကုန်ကြမ်းများ ကုန်ချောများ တိုင်းရင်းဆေးပင်များအား လိုက်လံကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြသည်။

(၇)ကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးဒုတိယနေ့ကို စက်တင်ဘာလ (၁၅)ရက်က တိုင်းရင်းဆေးဝါးနှင့် ကုန်ကြမ်းများ အရည်အသွေးစစ်ဆေးရေးနှင့် သတ်မှတ်ရေးဆိုင်ရာ မူဝါဒဆွေးနွေးပွဲ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်‌ရေးနှင့် တင်ပို့ရောင်းချရေးဆိုင်ရာ ဆွေးနွေးပွဲ၊ တိုင်းရင်းဆေးဝါးစက်ရုံများတည်ထောင်ရေးဆိုင်ရာ ဆွေးနွေးပွဲ ခေါင်းစဉ်များဖြင့် ကျင်းပရာ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တို့မှ ဘာသာရပ်ဆိုင်ရာ အဆင်မြင့်အရာရှိများက မြန်မာနိုင်ငံ၏ တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ မူဝါဒလုပ်ငန်းစဉ်များ တိုင်းရင်းဆေးသုတေသနလုပ်ငန်း ဆောင်ရွက် နေမှုများ၊ တရုတ်-အာဆီယံနိုင်ငံများနှင့် တိုင်းရင်းဆေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ