the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအတွင်းအပြင်သန့်ရှင်းသာယာ လှပစေရေးအတွက် အမှိုက်သရိုက်များရှင်းလင်းခြင်း

ရန်ကုန်တိုင်းဒေသကြီး ခုတင် (၁၀၀) ဆံ့ တိုင်းရင်း​ဆေးရုံမှ  ဗဟန်းမြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၃.၉..၂၀၂၃ ရက်​နေ့ နံနက် ၇ နာရီ မှ ၉:၃၀ နာရီအထိ ဗဟန်းအ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ ဗဟန်းမြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့တို့မှ  လူအင်အား (၇၀)ခန့်သည် ရန်ကုန် ခုတင် (၁၀၀) ဆံ့ တိုင်းရင်း​ဆေးရုံ ​​ဆေးရုံအတွင်း/အပြင်ရှိ ​အမှိုက်သရိုက်များရှင်းလင်းခြင်း၊ ဓါတ်ကြိုးများနှင့် မလွတ်ကင်းသည့် သစ်ကိုင်းများ ရှင်းလင်းခြင်း၊ ခြင်/ယင်/ပိုးလောက်လန်းများ ကင်းရှင်းစေရေးအတွက်ခြင်ဆေးများ မှုတ်ပေးခြင်းနှင့် ရေကန် အတွင်းသို့ အဘိတ်ဆေးများခတ်ခြင်းတို့ကို​ဆောင်ရွက်​ပေးခဲ့ပြီး ​ဆေးရုံအုပ်ကြီးမှ သန့်ရှင်း​ရေး​ဆောင်ရွက်​ပေး​သော အဖွဲ့များကို ​နံနက်စာကြက်သား​ပေါက်စီနှင့် ကော်ဖီတို့ဖြင့် ဧည့်ခံ​ကျွေး​မွေးခဲ့‌ကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ