the republic of the union of myanmar

ministry of health

Department of Traditional Medicine

မကွေးတိုင်းဒေသကြီး ခုတင်(၅၀)ဆံ့ မကွေးတိုင်းရင်းဆေးရုံ၌ လက်ကပ်ရောဂါ ခေါင်းစဉ်ဖြင့် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme ကျင်းပခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေး ရေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံတိုင်း​ဆေးဆရာအသင်း မ​ကွေးတိုင်း​ဒေသကြီး တိုင်ရင်း​ဆေးဆရာအသင်းခွဲ၊ ဥက္ကဋ္ဌ ဒေါ်တင်တင်​အောင်မှ သဘာပတိအဖြစ်ဆောင်ရွက်၍ အခမ်းအနားမှူးအဖြစ်  ​ မ​ကွေး မြို့ ခုတင်(၅၀) ဆံ့တိုင်းရင်း​ဆေးရုံမှ လ/ထ တိုင်းရင်း​​ဆေးမှူး ဒေါ်စန္ဒာဝင်းနှင့်လ/ထတိုင်းရင်​ဆေးမှူး ဒေါ်သက်ခိုင်ဝင်း ဆောင်ရွက်ကြကာ မ​ကွေးမြို့ ခုတင်(၅၀) ဆံ့တိုင်းရင်း​ဆေးရုံမှ  ဒုတိယတိုင်းရင်း​ဆေးမှူး ​ဒေါ်​စောပြည့်မွန်က လက်ကပ်ရောဂါ စာတမ်းကို ဖတ်ကြားတင်ပြ ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားသို့ မ​​ကွေးမြို့  ခုတင်(၅၀) ဆံ့ တိုင်ရင်း​ဆေးရုံ၊  ပခုက္ကူမြို့ ( ၂၅)   ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံ၊  မ​ကွေး ၊ မင်းဘူး၊ မင်းလှ၊ ​​ရေနံ​ချောင်း၊ ​ချောက်၊ ​အောင်လံ၊ စလင်း၊ ပွင့်ဖြူ၊ ဆင်​ပေါင်ဝဲ၊ မိ​ချောင်းရဲ၊ မြို့သစ်၊ နတ်​မောက်၊​တောင်တွင်းကြီးမှ မြို့နယ်​တိုင်းရင်း​ဆေးကုဌာနများ၊ သရက်၊ ပခုက္ကူ ၊ မ​ကွေး၊ မင်းဘူး မှ ခရိုင်တိုင်းရင်း​ဆေးကုဌာနများ၊ တိုင်းရင်း​ဆေးဆရာအသင်းဆရာ/ဆရာမများက ဆွေး​နွေး​ခဲ့ကြပြီး တက်ရောက်သူ စုစု​ပေါင်း(၄၅) ဦး တက်​ရောက်ပြီး အခမ်းအနားကို နံနက်(၁၁း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။     

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ