the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာနက ရင်ပြည်နယ်၊ ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုများကွင်းဆင်းဆေးကုသခြင်း/ပညာပေးဟောပြောခြင်း/C.T.M.E./ရုံးလုပ်ငန်း/ဘဏ္ဍာရေးဆင့်ပွားသင်တန်း

 ကရင်ပြည်နယ်၊ ဘားအံ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံသည် ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် (၂၅-၅-၂၀၁၆)ရက်နေ့မှ(၁၇-၇-၂၀၁၆) ရက်နေ့ အထိ ပိုင်ရန်-နန်ကျွန်း-ဘားကန့်- ကျေးရွာတို့တွင် ရာသီဥတုအရ အပူလွန်ရောဂါများ အကြောင်း၊ ဥတုရာသီအလိုက်ဖြစ်တတ်သောရောဂါများနှင့် မီးဖိုချောင်သုံး ဆေးဖက်ဝင် အပင်များအကြောင်းတို့ကို လူဦးရေစုစုပေါင်း(၁၉၅)ဦးတို့အား ဟောပြောဆွေးနွေး ပို့ချခဲ့ ပါသည်။

         

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် တိုင်းရင်းဆေးကုဌာနသည် ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် (၁၉-၅-၂၀၁၆)ရက်နေ့မှ(၆-၇-၂၀၁၆) ရက်နေ့ အထိ နောင်ကမြိုင်-လာကမြင်-အမက(၁)-အမက(၃)မူလွန်-အုန်းတစ်ပင်ကျေးရွာ- တို့တွင် ရာသီဥတုအရ အပူလွန်ရောဂါများအကြောင်း၊ ဥတုရာသီအလိုက်ဖြစ်တတ်သောရောဂါများနှင့် မီးဖိုချောင်သုံးဆေးဖက်ဝင်အပင်များအကြောင်းတို့ကို လူဦးရေစုစုပေါင်း(၂၄၆)ဦးတို့ကို ပညာပေး ဟောပြော ပို့ချ ပေးနိုင်ခဲ့ပါသည်။

         

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် တိုင်းရင်းဆေးကုဌာနသည် ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် (၇-၅-၂၀၁၆)ရက်နေ့မှ(၉-၇-၂၀၁၆) ရက်နေ့ အထိ ဒိုင်းပြကုန်း-မဲလောင်းလေး-မဲလောင်းကြီး-ကျေးရွာ- တို့တွင် သွေးတိုးရောဂါအကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းတို့ကို လူဦးရေစုစုပေါင်း(၁၁၆)ဦးတို့ကို တိုင်းရင်းဆေးဖြင့် ပညာပေးဟောပြော ပို့ချ ပေးနိုင်ခဲ့ပါသည်။

         

ကရင်ပြည်နယ်၊ မြိုင်ကြီးငူ-သံတောင်ကြီး-ကော့ဂရိတ်-မြဝတီ-ကြာအင်း ဆိပ်ကြီး- မြို့နယ် တိုင်းရင်းဆေးကုဌာနသည် ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော် ဆောင်ရွက် သည့် အနေဖြင့် (၁၁-၅-၂၀၁၆)ရက်နေ့မှ (၁၆-၇-၂၀၁၆)ရက်နေ့အထိ အင်းနို့သိပ္ပံ-စိန်ဒါ-ကျွန်းတော-သူဌေးကုန်း- မဲဇလီကုန်း-ဥသျှစ်ကုန်း- ရပ်ကွက်(၁)(၃)(၄)- မြဝတိုင်- တောင်ကြာအင်း- ငါးတိုင်- အထက(၁)- အိမ်တွင်းမှုသင်တန်းကျောင်း- ကြခတ်ချောင်းရွာ/ တရားစခန်း- ဝင်ဂကျေးရွာ- တို့တွင် မီးဖိုချောင်သုံးဆေးပစ္စည်းများအကြောင်း၊ ဥတုရာသီ အလိုက်ဖြစ်ပွားတတ်သောရောဂါများ၊ ဒေသပေါက်ဆေးဖက်ဝင်အပင်များ အကြောင်း၊ သွေးတိုးရောဂါအကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်းတို့ကို လူဦးရေ စုစုပေါင်း(၇၈၈) ဦးတို့ကို ပညာပေးဟောပြော ပို့ချ ပေးနိုင်ခဲ့ပါသည်။

         

ကရင်ပြည်နယ်၊ ဘားအံ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံသည် ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် (၁၄-၅-၂၀၁၆)ရက်နေ့တွင် သွေးတိုးရောဂါ အကြောင်း၊ (၁၅-၆-၂၀၁၆)ရက်နေ့တွင် ဆီးချိုရောဂါအကြောင်း၊ (၂၆-၇-၂၀၁၆)ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း တို့ကို ပညာပေးဟောပြော ပို့ချ ပေးနိုင်ခဲ့ပါသည်။

       

ကရင်ပြည်နယ်ဦးစီးဌာနမှူးရုံးတွင်၊ ဌာနဆိုင်ရာ ရုံးလုပ်ငန်း/ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ရက်တိုသင်တန်း(ဆင့်ပွားသင်တန်း) အမှတ်စဉ် (၁/၂၀၁၆) ကို (၂၅-၇-၂၀၁၆) မှ (၂၆-၇-၂၀၁၆)အထိ ပြန်လည် ပို့ချနိုင်ခဲ့သည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ