အခမ်းအနားသို့ မကွေးတိုင်းရင်းဆေးရုံ၊ ပခုက္ကူတိုင်းရင်းဆေးရုံ၊ ရေနံချောင်းတိုင်းရင်းဆေးရုံများမှ ဆရာ/ဆရာမများ၊ မကွေးမြို့နယ်၊ ပခုက္ကူမြို့နယ်၊ မင်းဘူးမြို့နယ်၊ သရက်မြို့နယ်တို့ရှိ ခရိုင်တိုင်းရင်းဆေး ကုဌာနများမှ ဆရာ/ဆရာမများ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနများမှ ဆရာ/ဆရာမများ၊ တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းတို့မှ ဆရာ/ဆရာမများနှင့် တိုင်းရင်းဆေးပညာ စိတ်ပါဝင်စားသူများ စုစုပေါင်း (၄၈) ဦး တက်ရောက်ပြီး စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးဖြေကြားကြကာ အခမ်းအနားကို နံနက် (၁၁း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။