the republic of the union of myanmar

ministry of health

Department of Traditional Medicine

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ထားဝယ်ခရိုင် တိုင်းရင်းဆေးဆရာ အသင်းတို့ ပူးပေါင်းကျင်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနား “သွေးဆုံးမီးယပ်ရောဂါ” ခေါင်းစဉ်ဖြင့် အခမ်းအနားကျင်းပခြင်း

၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက် နေ့လယ် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို (၁၆)ခုတင်ဆံ့ ထားဝယ်တိုင်းရင်းဆေးရုံ ကျင်းပခဲ့ပါသည်။

အဆိုပါ သဘာပတိအဖြစ် တနင်္သာရီတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူး-(ငြိမ်း) ဆရာကြီး ဦးမြင့်သိန်းလွင် မှ ဆောင်ရွက်ပေးခဲ့ပါသည်။ သွေးဆုံးမီးယပ်ရောဂါစာတမ်းကို ထားဝယ်ခရိုင် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပွင့်ဖြူဖြူသော်မှ ဖတ်ကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ စုစုပေါင်း (၃၀)ဦး တက်ရောက်ကြပြီး တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လေထိုး လေအောင့်ရောဂါ နှင့် တိုင်းရင်းဆေးပညာ အကြောင်းသိကောင်းစရာ
ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ တိုင်းရင်းဆေးပညာ
အအေးမိဖျားနာတုပ်ကွေးရောဂါမဖြစ်မီ ကြိုတင် ကာကွယ် ဂရုစိုက်နေထိုင်သင့်
ဆ ေးဖက်အသ ေးဝင် ဆပေါက်ပင