အဆိုပါ အခမ်းအနားတွင် သဘာပတိများအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန် အကြီးတန်းတိုင်းရင်းဆေးမှူး(ငြိမ်း) ဆရာမကြီး ဒေါ်ခင်စောဝင်း နှင့် ဆေးရုံအုပ်(ငြိမ်း) ဆရာမကြီး ဒေါ်မိမိအောင် တို့က ဆောင်ရွက်ကာ အခမ်းအနားမှူးများ အဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး ရန်ကုန်မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နွဲ့နွဲ့အေးနှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိင်္ဂီကျော် တို့ကဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနား၌ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ စာတမ်းရှင် အကြီးတန်းတိုင်းရင်း ဆေးမှူး ဒေါ်သန်းသန်းအေးက သွေးဆုံးမီးယပ်ရောဂါနှင့် တိုင်းရင်းဆေးပညာအကြောင်းကို ဖတ်ကြား ဆွေးနွေးပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆရာ/ဆရာမ(၁၈)ဦး၊ တိုင်းရင်း ဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဆရာကြီး/ဆရာမကြီး(၇)ဦး၊ တိုင်းရင်းဆေး ပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးတိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တိုင်း/ခရိုင်/မြို့နယ်များမှ ဆရာ/ဆရာမ (၇)ဦး၊ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန်မှ ဆေးရုံအုပ်ကြီး အပါအဝင် ဆရာ/ဆရာမ(၂၈)ဦး စုစုပေါင်း(၆၀)ဦး တက်ရောက်ကာ တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။
စာတမ်းတင်ပြဆွေးနွေးသွားပါသော စာတမ်းရှင်အား ဆရာကြီးဦးမောင်မောင်ဦး ဂရိတ်ဝေါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမှ ချီးမြှင့်ငွေကျပ်(၂ဝဝဝဝဝိ/-)၊ ရွှေမန်းတောင်တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းမှ ဆရာကြီးဦးခင်မောင်ဝင်း ချီးမြှင့်ငွေကျပ် (၅ဝဝဝဝိ/)နှင့် မဟိဒ္ဓိတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးမှ ဆရာကြီး ဦးအောင်မြတ်ကျော် ချီးမြှင့်ငွေကျပ် (၅ဝဝဝဝိ/)တို့ကို ဆုချီးမြှင့်ခဲ့ကြပါသည်။
အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆရာဦးမောင်မောင်ဦး ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ပံ့ပိုးကူညီခဲ့ကာ အခမ်းအနားကို ညနေ(၄ : ၄၅)နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါကြောင်း သိရှိရပါသည်။