အခမ်းအနားတွင် သဘာပတိအဖြစ် ဧရာ၀တီတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်း ဥက္ကဋ္ဌ ဆရာဦးစိုးဝင်းက ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ပုသိမ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ပပဝင်းမှဆောင်ရွက်ခဲ့ပါသည်။
ပုသိမ်မြို့ (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူးဒေါ်သော်တာစိုးမှ သွေးဆုံးမီးယပ်ရောဂါ စာတမ်းအားဖတ်ကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်သူ(၄၁)ဦးရှိပြီး တက်ရောက်လာသူများမှ စာတမ်းနှင့်ပတ် သက်၍ မေးမြန်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကိုညနေ(၃:၀၀)နာရီအချိန်တွင် ရုတ်သိမ်းကြောင်း သိရှိရပါသည်။