အခမ်းအနားတွင်သဘာပတိအဖြစ် တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်နီနီရှိန်ကဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ်ဒေါ်ဖြူမာကို၊ ဒုတိယတိုင်းရင်းဆေးမှူးနှင့်ဒေါ်အေးစန္ဒာဦး၊အထက်တန်းသူနာပြုတို့က ဆောင်ရွက်ခဲ့ကြကာသွေးဆုံးမီးယပ်ရောဂါစာတမ်းအား ဒေါ်မြင့်မြင့်ကြည်၊ ဒုတိယတိုင်းရင်းဆေးမှူး၊(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ရေနံချောင်းမြို့က ဖတ်ကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားတက်ရောက်သူ(၄၉)ဦးခန့်ရှိပြီးတက်ရောက်လာသူများမှစာတမ်းနှင့်ပတ်သက်၍မေးမြန်းဆွေးနွေးကြပြီးအခမ်းအနားအားနေ့လယ်(၁၂း၀၀)နာရီတွင်ရုတ်သိမ်းပါကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။