the republic of the union of myanmar

ministry of health

Department of Traditional Medicine

မြန်မာနှင့်အိန္ဒိယတိုင်းရင်းဆေးပညာကဏ္ဍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် Guwahati မြို့တွင် မတ် ၂ ရက်မှ ၃ ရက် အထိ ကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာညီလာခံနှင့် ပြပွဲ တက်ရောက်ရန် အိန္ဒိယနိုင်ငံ၌ရောက်ရှိနေသော ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် အိန္ဒိယနိုင်ငံ အာယုဗေဒဆိပ်ကမ်းနှင့် ရေကြောင်းပို့ဆောင်ရေး ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး H.E.Shri Sarbanada Sonowal ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် The Radisson Blu Hotel Guwahati ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် တိုင်းရင်းဆေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်တွင် အိန္ဒိယနိုင်ငံမှ တိုင်းရင်းဆေးပညာရှင်များ လာရောက်ပညာသင် ကြားပို့ချနိုင်ရေး၊ မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပသော တိုင်းရင်းဆေးသမားတော်များညီလာခံ၊ တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲများနှင့် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲများတွင် အိန္ဒိယ နိုင်ငံမှ တိုင်းရင်းဆေးပညာရှင်များတက်ရောက်၍ အသိပညာဖလှယ်ရေး၊ နှစ်နိုင်ငံတိုင်းရင်းဆေး ပညာရှင်များ လေ့လာရေးခရီး အပြန်အလှန်စေလွှတ်နိုင်ရေး၊ တိုင်းရင်းဆေးဝါးများကို သိပ္ပံနည်းကျ သုတေသနပြုလုပ်၍ ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးနှင့် တိုင်းရင်းဆေးများ ဖော်စပ်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ရန် အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးကုန်ကြမ်းပစ္စည်းများ တင်ပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာကိုယ်စာလှယ်အဖွဲ့မှ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ အိန္ဒိယနိုင်ငံအာယုဗေဒ ဝန်ကြီးဌာနမှ အတွင်းရေးမှူး၊ အာယုဗေဒ အမျိုးသမီးနှင့် ကလေးဖွံ့ဖြိုးတိုးတက်ရေး ပြည်နယ် ဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံ အာယုဗေဒဝန်ကြီးဌာနမှ တည်ခင်းဧည့်ခံသော ကြိုဆိုညစာစားပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ