the republic of the union of myanmar

ministry of health

Department of Traditional Medicine

နေပြည်တော် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် CTME တုပ်ကွေးရောဂါ စာတမ်း ခေါင်းစဉ်ဖြင့် ကျင်းပခြင်း

အခမ်းအနားတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းခွဲ (နေပြည်တော်)မှ ဥက္ကဋ္ဌ ဆရာကြီးဦး‌နေအောင်က ဆောင်ရွက်ခဲ့ပြီး အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်က "တုပ်ကွေးရောဂါ" စာတမ်းကြီးကြပ်သူဖြစ်ပြီး စာတမ်းရှင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နန်းမြတ်ပန်းအိသွယ်မှ ဖတ်ကြား တင်ပြ ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းခွဲ(နေပြည်တော်)မှ ဆရာ/ဆရာမများ၊ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ နေပြည်တော်မှ ဆရာ/ဆရာမများ၊ တိုင်းရင်းဆေးပညာဦးစီးဌာန ကုသရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဖွံ့ဖြိုးရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တိုင်းရင်းဆေးပညာကို စိတ်ဝင်စားသူများ စုစုပေါင်း (၂၈)ဦး တက်ရောက်ခဲ့ပြီး စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်း၊ ဆွေးနွေး ဖြေကြားခြင်းနှင့် အတွေ့အကြုံများကို မျှဝေဆွေးနွေးပြီးနောက် ညနေ ၄:၃၀ နာရီတွင် အခမ်းအနားပြီးမြောက်ခဲ့ပါကြောင်းသိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ