the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် “တုပ်ကွေးရောဂါ” ခေါင်းစဉ်ဖြင့် CTMEအခမ်းအနားကျင်းပခြင်း

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက် နေ့လယ် (၂ : ၀၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာ ပေးရေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားတွင် သဘာပတိများအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း)၊  မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ ဆရာကြီးဦးပေါညိမ်းနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းအဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီး  မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(တာဝန်ခံ) ဆရာကြီးဦးခင်မောင်ဝင်း (ရွှေမန်းတောင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) တို့မှ ဆောင်ရွက်ကာ အခမ်းအနားမှူးများအဖြစ် ရန်ကုန် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီးမှ ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်မြတ်ဆုနှင်းနှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မြင့်ဇာလီအုန်း တို့ကဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနား၌ ရန်ကုန် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံမှ စာတမ်းရှင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နှင်းအိအိဖြူက တုပ်ကွေးရောဂါနှင့် တိုင်းရင်းဆေးပညာအကြောင်းကို ဖတ်ကြားဆွေးနွေးခဲ့ပါသည်။  

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းမှ ဆရာ/ဆရာမ(၁၅)ဦး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဆရာ/ဆရာမ(၆)ဦး၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တိုင်း/ခရိုင်/မြို့နယ်များမှ ဆရာ/ဆရာမ(၄)ဦး၊ ရန်ကုန် တိုင်းရင်းဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး အပါအဝင် ဆရာ/ဆရာမ (၂၅)ဦး စုစုပေါင်း (၅၀)ဦး တက်ရောက်ကာ တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။

          စာတမ်းတင်ပြဆွေးနွေးသွားပါသော စာတမ်းရှင်အား မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဉက္ကဋ္ဌ ဆရာဦးမောင်မောင်ဦး (ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေကျပ်(၂ဝဝဝဝဝိ/-)၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ ဆရာကြီးဦးခင်မောင်ဝင်း (ရွှေမန်းတောင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၅ဝဝဝဝိ/) နှင့် ဆရာကြီး ဦးအောင်မြတ်ကျော် (မဟိဒ္ဓိတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၅ဝဝဝဝိ/)တို့ကို ဆုချီးမြှင့်ခဲ့ကြပါသည်။

          အခမ်းအနားဖြစ်မြောက်ရေးအတွက် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဆရာဦးမောင်မောင်ဦး (ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မှ ပံ့ပိုး ကူညီခဲ့ကာ အခမ်းအနားကို ညနေ(၄ : ၃၀)နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ