the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် CTME တုပ်ကွေးရောဂါစာတမ်း ခေါင်းစဉ်ဖြင့် ကျင်းပခြင်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မြိတ်ခရိုင်တိုင်းရင်းဆေးဆရာအသင်း တို့ပူးပေါင်း၍ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ်  CTME တုပ်ကွေးရောဂါစာတမ်း ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားကို မြိတ်(၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ ၂၇-၁-၂၀၂၂၃ ရက်နေ့တွင်ကျင်းပခဲ့ပါသည်။ သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဗဟိုအဖွဲ့ဝင်ဆရာကြီးဦးတင်ဝင်းမှ ဆောင်ရွက်ပြီး ခရိုင်တိုင်းရင်းဆေးမှူးဆရာမဒေါ်ဝါဝါက တုပ်ကွေးရောဂါစာတမ်းဖတ်ကြားတင်ပြပါသည်။

အခမ်းအနားသို့ တိုင်းရင်းဆေးပညာကိုစိတ်ဝင်စားသူများမှ စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်း၊ ဆွေးနွေးဖြေကြားခြင်းနှင့် အတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ