the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာ နှီးနှောဖလှယ်ပွဲ မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။

ညီလာခံတွင် သဘာပတိက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက်  ကချင်ပြည်နယ်  ညီလာခံကိုယ်စားလှယ် ဒေါ်အာဆာမိက အဆိုပြုချက်  အမှတ်(၁)ဖြစ်သော နယကြီး(၄)ပါး ကို အခြေခံသော မြန်မာ့တိုင်းရင်းဆေးပညာ ကုထုံး နည်းစနစ်များကို အမျိုးသားရေး အမွေအနှစ်အဖြစ် ထိန်းသိမ်း စောင့်ရှောက်၍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန် အဆိုကိုတင်သွင်းရာ မန္တလေးတိုင်းဒေသကြီး ညီလာခံကိုယ်စားလှယ် ဒေါ်ခင်မာလင်းက ထောက်ခံဆွေးနွေးသည်။

ယင်းနောက် မွန်ပြည်နယ် ညီလာခံ ကိုယ်စားလှယ် ဦးစောလှထူးကျော်က အဆိုပြုချက် အမှတ်(၂)ဖြစ်သော “နဝရတ်ကတိသစ္စာနှင့် သမားတို့၏ ကျင့်ဝတ်သိက္ခာကို စွဲမြဲစွာနှလုံးသွင်းစောင့်ထိန်းပြီး   စည်းလုံးညီညွတ်၍ ဂုဏ်သိက္ခာမြင့်မားသည့် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ဖြစ်စေရေး ဝိုင်းဝန်းထိန်းသိမ်း ကြိုးပမ်းဆောင်ရွက်ရန်” အဆိုကို တင်သွင်းရာ မကွေးတိုင်းဒေသကြီး ညီလာခံကိုယ်စားလှယ် ဒေါ်တင်တင်အောင်က ထောက်ခံဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင်   ညီလာခံဒုတိယပိုင်း အစီအစဉ်များကို ဆက်လက်ကျင်းပရာ(၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က သဘာပတိအဖြစ် ဆောင်ရွက်ပြီး သဘာပတိ အဖွဲ့ဝင်များအဖြစ် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနာယက ဦးမြင့်လွင်၊ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းညွန့်နှင့် တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ အကြံပေး အဖွဲ့ဝင် ဦးဝထွန်းတို့က ဆောင်ရွက်ကြသည်။ ညီလာခံတွင် သဘာပတိက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်ညီလာခံ ကိုယ်စားလှယ် ဦးဇော်လင်းက အဆိုပြုချက် အမှတ်(၃)ဖြစ်သော “ခေတ်မီ၍ အရည်အသွေး ပြည့်ဝသော မျိုးဆက်သစ် တိုင်းရင်းဆေးပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်” အဆိုကို တင်သွင်းရာ ရန်ကုန်တိုင်းဒေသကြီး ညီလာခံ ကိုယ်စားလှယ် ဦးအောင်ဟိန်းသူက ထောက်ခံဆွေးနွေးသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ညီလာခံ ကိုယ်စားလှယ် ဦးဟန်ငြိမ်းက အဆိုပြုချက် အမှတ်(၄) ဖြစ်သော “အရည်အသွေးပြည့်ဝ၍ အစွမ်းထက်မြက်သော တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရေး အတွက် သုတေသန လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်” အဆိုကိုတင်သွင်းရာ ချင်းပြည်နယ် ညီလာခံ ကိုယ်စားလှယ် ဒေါ်မြမြခိုင်က ထောက်ခံဆွေးနွေးသည်။

   ယင်းနောက် မကွေးတိုင်းဒေသကြီး ညီလာခံ ကိုယ်စားလှယ် ဦးသိုက်ထွန်းက အဆိုပြုချက် အမှတ်(၅)ဖြစ်သော “ရိုးရာတိုင်းရင်းဆေး ကုထုံးနည်းစနစ်များနှင့် ဆေးဝါးများအား  လက်တွေ့အသုံးချနိုင်ရေး အတွက် စနစ်တကျပြန်လည် ဖော်ထုတ်ရန်”  အဆိုကိုတင်သွင်းရာ ရခိုင်ပြည်နယ် ညီလာခံ ကိုယ်စားလှယ် ဒေါ်သန်းသန်းရီ က ထောက်ခံဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး     မဟာသရေစည်သူ မင်းအောင်လှိုင်က မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲသို့ ပေးပို့သည့် Video   Message ဂုဏ်ပြုမိန့်ခွန်းကို မှတ်တမ်းတင်ပြီး (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့်   မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယ ဥက္ကဋ္ဌ    ဒုတိယဝန်ကြီးချုပ်   ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏  ညီလာခံအဖွင့်မိန့်ခွန်းပါ  မိန့်ကြားချက်များကို လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူဆောင်ရွက် သွားရန်နှင့် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံတွင် တင်သွင်းသည့် အဆိုပြုချက်များနှင့် စပ်လျဉ်း၍ အစည်းအဝေး၏ ဆန္ဒသဘောထားရယူကာ အဆိုများကို အတည်ပြုမှတ်တမ်းတင်ခဲ့ကြကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ