the republic of the union of myanmar

ministry of health

Department of Traditional Medicine

စာတမ်းရှင်များ သိရှိလိုက်နာရမည့်အချက်များ (Instructions to Authors)

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

စာတမ်းရှင်များ သိရှိလိုက်နာရမည့်အချက်များ (Instructions to Authors)

 

 စာတမ်းအကျဉ်း(Abstract)

စာတမ်းအကျဉ်းသည် စာလုံးရေ ၃၀၀မှ ၅၀၀အတွင်းဖြစ်ရပါမည်။ စာတမ်းအကျဉ်းတွင် စာတမ်းအမည်၊ စာတမ်းပြုစုသူ(များ)၊ လိပ်စာ/ရည်ရွယ်ချက်နှင့် လေ့လာသည့်အကြောင်းအရာ/ အဓိကရှာဖွေချက်/ သုတေသနဆိုင်ရာ/ တိုင်းရင်းဆေးပညာဆိုင်ရာ အရေးကြီးအချက်အလက်နှင့် သုံးသပ်ချက်တို့ပါ၀င်ရပါမည်။ စာတမ်းအကျဉ်းတွင် မိမိ၏စာတမ်းနှင့်ပက်သက်သည့် အချက်အလက် အကျဉ်းချုပ်ပါ၀င်ရပါမည်။

 

စာတမ်းအပြည့်အစုံ(Full Paper)

စာတမ်းအပြည့်အစုံကို အောက်ပါအချက်အလက်များနှင့်အညီ ရေးသားပြုစုကြရမည် ဖြစ်ပါသည်။

(က) စာတမ်းခေါင်းစဉ် (Title)
(ခ) စာတမ်းပြုစုသူ(များ) (Authors)
(ဂ) နိဒါန်း (Introduction)
(ဃ) ရည်မှန်းချက်/ရည်ရွယ်ချက်(များ) (Objectives)
(င) အသုံးပြုသည့် ၀တ္ထု၊ ပစ္စည်း၊ လူ၊ ပြုလုပ်ဆောင်ရွက်ပုံနည်းလမ်း (Materials & Methods) လေးနက်သည့် အကျိုး/အကြောင်းတင်ပြချက်
(စ) တွေ့ရှိချက်နှင့်ဆွေးနွေးသုံးသပ်ချက်များ (Findings & Discussions)
(ဆ) ကောက်ချက်ဆွဲခြင်း၊ အကြုံပြုခြင်း (Conclusion & Suggestion)
(ဇ) ကျမ်းကိုးအညွှန်းများ (References)

 

စာတမ်းအား စာမျက်နှာတစ်ဖက်တည်း ကွန်ပျူတာဖြင့် ပြုစုရပါမည်။ မိမိ၏စာတမ်းအကျဉ်းနှင့် စာတမ်းအပြည့်အစုံကို ကွန်ပျူတာဖြင့်ရိုက်နှိပ်ရာတွင် Microsoft Word Document Format ကို အသုံးပြု၍ အင်္ဂလိပ်ဘာသာကို Times New Roman Font Size 12 ဖြင့်လည်းကောင်း၊ မြန်မာဘာသာကို Win Researcher Font Size 16 သို့မဟုတ် Win Innwa Font Size 16 ဖြင့်လည်းကောင်း စာစီပြီး CD (Soft Copy) နှင့် Printout (Hard Copy) တို့ကိုပေးပို့ရပါမည်။

 

စာတမ်းရွေးချယ်ခြင်းခံရပါက Microsoft Office Power Point Format ကိုအသုံးပြု၍ ရှင်းလင်းတင်ပြထားသော Power Point Presentation များကို မိမိအစီအစဉ်ဖြင့် ပြုစုရပါမည်။

 

စာတမ်းအပြည့်အစုံသည် စာလုံးရေ ၃၅၀၀မှ ၄၀၀၀ အတွင်းသာ (ကွန်ပျူတာဖြင့် စာမျက်နှာရွက်ရေ ၄မျက်နှာမှ ၅မျက်နှာ အတွင်းသာ) ဖြစ်ရပါမည်။

 

ပိုစတာတင်သွင်းသူများအနေဖြင့် ပိုစတာဆိုဒ်အား အလျား ၆ပေ၊ အနံ ၄ပေဖြင့် တင်သွင်းရမည်။ CD(Soft Copy) နှင့် Printout(Hard Copy)တို့ကို ပေးပို့ရပါမည်။

 

စာတမ်းရှင်၏ ကိုယ်ရေးအချက်အလက်များကို သီးခြားစာရွက်ဖြင့် ရေးသားပေးပို့ရပါမည်။
(အမည်/ ရာထူး/ ဌာန/ အလုပ်အကိုင်/ ပညာအရည်အချင်း နှင့် ရရှိသောဘွဲ့(များ)/ ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ)

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ