the republic of the union of myanmar

ministry of health

Department of Traditional Medicine

နေပြည်တော်၊ ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီး၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် “ရေဖျဉ်းရောဂါ” ခေါင်းစဉ်ဖြင့် (CTME) အခမ်းအနားကျင်းပခြင်း

၁၆-၉-၂၀၂၂၊ နေပြည်တော်

 ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် ဆရာကြီးဦးနေအောင်၊ တိုင်းဦးစီးဌာန​မှူး-(ငြိမ်း) တိုင်းရင်းဆေးပညာဦးစီးဌာနက ဆောင်ရွက်ပြီး စာတမ်းကြီးကြပ်သူ အကြီးတန်း တိုင်းရင်းဆေးမှူး ဒေါ်နီနီခိုင်၊ စာတမ်းရှင် ခုတင်(၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ တိုင်းရင်းဆေးမှူး ဒေါ်ခိုင်မေရီသက်ထွန်းမှ ရေဖျဉ်းရောဂါအကြောင်း စာတမ်းတင်ပြ ဆွေးနွေးခဲ့ကာ အခမ်းအနားမှူးအဖြစ် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်အိအိကျော်က ဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားသို့ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဆေးရုံအုပ်၊ ဒုတိယဆေးရုံအုပ်၊ အကြီးတန်းတိုင်းရင်းဆေးမှူးများ၊ ဒုတိယတိုင်းရင်းဆေးမှူးများ၊ လက်ထောက်တိုင်းရင်းဆေးမှူးများနှင့် တိုင်းရင်းဆေးပညာစိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ပါသည်။

တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားသို့ တက်ရောက်လာကြသူများက တင်ပြသည့် စာတမ်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခြင်း၊ စာတမ်းတင်ပြသူနှင့် သဘာပတိမှ ပြန်လည်ဆွေးနွေး ဖြေကြားခြင်းနှင့် အတွေ့အကြုံများ မျှဝေဆွေးနွေးကြပြီး စာတမ်းဖတ်ပွဲသို့ တက်ရောက်သူ စုစုပေါင်း(၂၈)ဦး ရှိပါကြောင်း သိရှိရပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ
ဆေးဖက်ဝင် ဆီးပင်