၁။ ကျန်းမာရေး၀န်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန်စဉ်ဆက် မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။
၂။ ယင်းသို့စစ်ဆေးရာတွင် စျေးကွက်အတွင်းရောင်းချလျက်ရှိသော အောက်ဖော်ပြပါ တိုင်းရင်း ဆေးါးများသည် တိုင်းရင်းဆေးါးမှတ်ပုံတင်ထားခြင်းမရှိသောတိုင်းရင်းဆေးါးများနှင့် တိုင်းရင်းဆေးါး ထုပ်ပိုးပုံစံဖြင့်ထုပ်ပိုးထားပြီး မည်သည့်မှတ်ပုံတင်မှမရှိဘဲ အနောက်တိုင်းဆေးါး ပါ၀င်သည်ဟု ဖော်ပြထားသော ဆေးါးများဖြစ်သဖြင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်သောကြောင့် အများပြည်သူများသုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးအပ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။