the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးဝါးမှတ်ပုံတင်/ထုတ်လုပ်ခွင့်လိုင်စင် သက်တမ်းတိုးခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရန် အကြောင်းကြားခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန

စာအမှတ်၊ တဆပ/ဆေးဝါး/၂၀၁၆(   )
ရက်စွဲ၊ ၂၀၁၆ခုနှစ်၊မေလ(  )ရက်

သို့
တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူး
တိုင်းရင်းဆေးပညာဦးစီးဌာန
-----------------------------တိုင်းဒေသကြီး/ပြည်နယ်

 

အကြောင်းအရာ။     ။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်/ထုတ်လုပ်ခွင့်လိုင်စင် သက်တမ်းတိုးခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရန်အကြောင်းကြားခြင်း။

 

ရည်ညွှန်းချက်   ။    ။ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)၏ (၂၅-၁-၂၀၁၆)ရက်စွဲပါ စာအမှတ်၊တဆပ/ဆေးဝါး/၂၀၁၆(၁၁)။

 

၁။ အထက်အကြောင်းအရာပါကိစ္စနှင့် ပက်သက်၍ ရည်ညွှန်းပါစာအရ တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(အသစ်/သက်တမ်းတိုး/ဖြည့်စွက်)နှင့် မှတ်ပုံတင်(သက်တမ်းတိုး) သက်တမ်းလွန်လျှောက်ထားခြင်းများအား သက်တမ်းလွန်သည့် ကာလများနေမှုရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် သက်တမ်းလွန်သည့်ကာလအား(၂)နှစ်အထိ သက်ဆိုင်ရာသက်တမ်းလွန်ကြေးပေးဆောင်၍ လျှောက်ထားခြင်းများ ပြုလုပ်နိုင်ပါကြောင်း ခွင့်ပြုခဲ့ပါသည်။

 

၂။ ယခုအခါ တိုင်းရင်းဆေးပညာဦးစီးဌာန၏ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၄/၂၀၁၆) ဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်/ဆေးဝါးထုတ်လုပ်ခွင့် လိုင်စင်သက်တမ်းတိုးလျှောက်ထားရာတွင် သက်တမ်းမပြည့်မီ(၃)လကြိုတင်လျှောက်ထားနိုင်ပြီး (၃)လအထိသာ နောက်ကျခွင့်ရှိမည် ဖြစ်သဖြင့်(၃)လထက် နောက်ကျပါက အလိုအလျောက် သက်တမ်းပျက်ပြည်မည် ဖြစ်ပါသည်။

 

၃။ အထက်ပါညွှန်ကြားချက်မှာ(၃၁-၈-၂၀၁၆)ရက်နေ့ နောက်ပိုင်းမှစတင်၍ အသက်ဝင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၁-၉-၂၀၁၆) ရက်နေ့မှစ၍သက်တမ်းလွန်ခြင်းအား(၃)လထက် နောက်ကျခွင့်မရှိပါကြောင်း သက်တမ်း(၃)လထက်နောက်ကျပါက သက်တမ်းပျက်ပြယ်မည်ဖြစ်ကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများသို့ သက်တမ်းမလွန်မှ သက်တမ်းတိုးဆောင်ရွက်နိုင်ရေးအတွက် အကြောင်းကြားပေးရန်ညွှန်ကြားချက်ဖြင့် ပေးပို့ပါသည်။

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
(ကျော်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်)

မိတ္တူကို-
၁။ ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
၂။ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန
၃။ ရုံးလက်ခံ
၄။ မျှောစာတွဲ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ