the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ၁၆ ခုတင်ဆံ့ ဖြူးတိုင်းရင်းဆေးရုံ၊ ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

၁၂-၉-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တို့ဖြင့် ပဲခူးတိုင်းဒေသကြီး ၁၆ ခုတင်ဆံ့ ဖြူးတိုင်းရင်းဆေးရုံ၊ ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနတို့ ပူးပေါင်း၍ ဆရာ/ဆရာမများပါဝင်သောအဖွဲ့ သည် အုတ်ကျင်းကျေးရွာ စန်းမြိုင်ဘုန်းတော်ကြီးကျောင်းအတွင်း၌ ၁၀-၉-၂၀၂၂ ရက်နေ့တွင် တိုင်းရင်းဆေး ပညာဖြင့် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ရာတွင် ကျား (၈)ဦး၊ မ(၂၂)ဦး စုစုပေါင်း (၃၀)ဦးတို၏ ကျန်းမာရေးအခြေအနေများကို တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်းနှင့် အဆိုပါနေရာ၌ သွေးတိုး ရောဂါအကြောင်းနှင့် ဆောင်ရန်/ရှောင်ရန်များ ကို ဟောပြောခဲ့ရာတွင် တက်ရောက်သူ စုစုပေါင်း ၁၅၀ ခန့်အား တိုင်းရင်းဆေးပညာဖြင့် ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း