၃၀-၈-၂၀၂၂ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တိုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ အနာပေါက်ရောဂါကုဌာနမှ အကြီးတန်း တိုင်းရင်းဆေးမှူးဦးဆောင်၍ ဆရာမ(၅)ဦးပါဝင်သည့်အဖွဲ့သည် ၂၈-၈-၂၀၂၂ ရက်နေ့တွင် ခေမာသိဒ္ဓိမင်းကျောင်း ပရိယတ္တိစာသင်တိုက်၊ ရွှေပြည်သာမြို့နယ်၌ တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာနှင့် မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများဖြစ်သည့် ဝမ်းပျက်/ဝမ်းလျောရောဂါ၊ သံကောင်/တုပ်ကောင်ရောဂါ၊ အစာမကြေခြင်း၊ အအေးမိဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းအကြောင်းကို တိုင်းရင်းဆေးပညာဖြင့် အသိပညာပေးဟောပြောဆောင်ရွက်ရာတွင် ဟောပြောပွဲသို့တက်ရောက်သူ သံဃာတော်များနှင့် လူပုဂ္ဂိုလ် စုစုပေါင်း(၇၅)ဦးရှိပြီး အဆိုပါနေရာ၌ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှုပေးရာတွင် ဆေးဝါးကုသမှုခံယူရန် လိုအပ်သည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ် စုစုပေါင်း(၆၅)ဦးကို တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သတင်းရရှိပါသည်။