the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲအတွက် စာတမ်းများ ဖိတ်ခေါ်ခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

စာအမှတ်၊ တဆပ /သု-ဖွံ့ /၂၀၁၆ ( )

ရက်စွဲ ၊၂၀၁၆ ခုနှစ်၊ သြဂုတ်လ ( )ရက်

သို့

- ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန

- ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန

- ညွှန်ကြားရေးမှူးချုပ်၊ ဆေးသုတေသနဦးစီးဌာန(အောက်မြန်မာပြည်)

- ညွှန်ကြားရေးမှူးချုပ်၊ ဆေးဘက်ဆိုင်ရာလူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင်‌့ စီမံခန့်ခွဲရေးဦးစီးဌာန

- ညွှန်ကြားရေးမှူးချုပ်၊ အစားအသောက်နှင့်ဆေး၀ါးကွပ်ကဲရေးဦးစီးဌာန

- ညွှန်ကြားရေးမှူးချုပ်၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန

- ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန

- ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)

- ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန(အထက်မြန်မာပြည်)

- တပ်မှူး၊ အမှတ်(၁)တပ်မတော်ဆေးရုံ၊ ခုတင် ၁၀၀၀

- တပ်မှူး၊ အမှတ်(၂)တပ်မတော်ဆေးရုံ၊ ခုတင် ၁၀၀၀

- ဥက္ကဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)

- အတွင်းရေးမှူး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ

- ပါမောက္ခချုပ်၊ တိုင်းရင်းဆေးတက္ကသိုလ်

- ပြည်နယ်နှင့်တိုင်းဒေသကြီးဦးစီးမှူးများအားလုံး

- ခုတင် ၁၀၀ ဆံ့ဆေးရုံအုပ်ကြီးများ၊ တိုင်းရင်းဆေးရုံ

- ခုတင် ၅၀ ဆံ့ဆေးရုံအုပ်များ၊ တိုင်းရင်းဆေးရုံ

- ၁၆ ခုတင်ဆံ့ဆေးရုံအုပ်များ၊ တိုင်းရင်းဆေးရုံ

- စက်ရုံမှူးများ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ(ရန်ကုန်/မန္တလေး)

 

အကြောင်းအရာ ။                     ။တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲအတွက် စာတမ်းများ ဖိတ်ခေါ်ခြင်း။

၁။ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက ကြီးမှူး၍ “သတ္တမအကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ” ကို တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၌ ၂၀၁၆ ခုနှစ် အတွင်း ကျင်းပပြုလုပ်ရန် စီစဥ်ဆောင်ရွက်လျက်ရှိပါသည်။ လူကြီးမင်းဌာနမှ တိုင်းရင်းဆေးပညာဆိုင်ရာ စာတမ်း များ တင်သွင်းဖတ်ကြားရန် အသိပေးဖိတ်ခေါ်အပ်ပါသည်။

 

၂။ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲတွင် တင်သွင်းဖတ်ကြားမည့် စာတမ်းရှင်များ အနေဖြင့် မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောက်ဖော်ပြပါကဏ္ဍများနှင့် သက်ဆိုင်သည့် ဆေးပညာသုတေသနစာတမ်းများ ရေးသားပြုစုတင်သွင်းနိုင်ပါသည်။

          (က) မြန်မာ့တိုင်းရင်းဆေးပညာ နယကြီးလေးပါးဆိုင်ရာ သုတေသနစာတမ်းနှင့်ပိုစတာများ

          (ခ) ဆေးဖက်ဝင်အပင်များစိုက်ပျိုး/ အသုံးချမှုဆိုင်ရာ သုတေသနစာတမ်းနှင့်ပိုစတာများ

          (ဂ) တိုင်းရင်းဆေးဝါးထုတ်လုပ်/ ရောင်းချရေးဆိုင်ရာ သုတေသနစာတမ်းနှင့်ပိုစတာများ

          (ဃ) ရောဂါကုထုံးဆိုင်ရာ သုတေသနစာတမ်းနှင့်ပိုစတာများ

          (င) မြန်မာ့တိုင်းရင်းဆေးပညာဆိုင်ရာ တီထွင်မှုနှင့် ရှာဖွေတွေ့ရှိမှု သုတေသနစာတမ်းနှင့် ပိုစတာများ

 

၃။ သို့ဖြစ်ပါ၍ သုတေသနစာတမ်းတင်သွင်းရန် စိတ်ပါဝင်စားသူ စာတမ်းရှင်များအနေဖြင့် မိမိတို့ပြုစုထားသည့် ဆေးပညာသုတေသနစာတမ်းများကို (စာတမ်းအကျဥ်းနှင့် စာတမ်းအပြည့်အစုံ အပါအဝင်) ကွန်ပျူတာစာမူ (Hard Coy(၂)စုံ၊ စီဒီခွေ C.D Soft Copy) ထည့်သွင်းပြုစုလျက် အတွင်းရေးမှူး၊ တိုင်းရင်းဆေးပညာသုတေသန စာတမ်းစိစစ်ရွေးချယ်ရေးအဖွဲ့၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနခွဲ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄၇)၊ နေပြည်တော်သို့ လိပ်မူလျက် ( ၁၅ - ၁၀ - ၂၀၁၆ )ရက်နေ့ နောက်ဆုံးထားပေးပို့နိုင်ကြောင်း အကြောင်းကြားဖိတ်ခေါ် အပ်ပါ သည်။

 

၄။ စာတမ်း/ပိုစတာတင်သွင်းသူများအနေဖြင့် စာတမ်းအပြည့်အစုံ (Full Text )အား သတ်မှတ် ရက်အရောက် အချိန်မီပေးပို့ရမည်ြဖစ်ြပီး သတ်မှတ်ချိန်ထက်နောက်ကျ၍ ရောက်ရှိလာ သော စာတမ်း/ပိုစတာများ၊ အခြားနေရာများ၌ ဖတ်ကြားတင်သွင်းြပီးသော စာတမ်း/ ပိုစတာများအား ဖတ်ကြားတင်သွင်းခွင့် ပြုမည်မဟုတ်ကြောင်း အသိပေးဖော်ြပအပ်ပါသည်။

 

၅။ အသေးစိတ်သိရှိလိုသော အချက်အလက်များကို ဒုတိယညွှန်ကြားရေးမှူး(ဖွံ့ဖြိုးရေး) ဖုန်း-၀၆၇-၄၃၁၁၄၉ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။ စာတမ်းများနှင့်ပတ်သက်သော အချက် အလက်များနှင့် စာတမ်းရှင်များ သိရှိလိုက်နာရမည့်အချက်များ (Instructions to Authors) အား သိရှိနိုင်ရန် ပူးတွဲပေးပို့အပ်ပါသည်။

ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား)

   (ဒေါက်တာသိန်းဇော်လင်း၊ဒုတိယညွှန်ကြားရေးမှူး(ဖွံ့ဖြိုးရေး)

မိတ္တူကို -

(၁) ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန

(၂) ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန

(၃) ညွှန်ကြားရေးမှူးများအားလုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန

(၄) ရုံးလက်ခံ

(၅) မျှောစာတွဲ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ