the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပခြင်း

၂၅-၇-၂၀၂၂၊ နေပြည်တော်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ တိုင်းရင်းဆေးတက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဒေါက်တာစုစုဒွေး၊ ပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူးများ)နှင့် ဆရာ/ဆရာမများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများအနေဖြင့် မြန်မာ့တိုင်းရင်းဆေးပညာကို တန်ဖိုးထားအားကိုးကြပြီး တိုင်းရင်းဆေးများကို ယုံကြည်စွာသုံးစွဲကြသကဲ့သို့ အမှန်တကယ်တွင်လည်း တိုင်းရင်းဆေးများမှာ ဆေးစွမ်းထက်မြက်ကြောင်း၊ ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တိုင်းရင်းဆေးပညာဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန်၊ တိုင်းရင်းဆေးပညာရပ် တိုးတက်မြင့်မားလျက်ရှိသည့် နိုင်ငံများနှင့် ကုသရေး၊ သင်ကြားရေး၊ သုတေသနလုပ်ငန်းများတွင် ပူးပေါင်းဆက်သွယ်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်၏ အမျိုးသား ကျန်းမာရေးစီမံချက်များတွင် မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တိုင်းရင်းဆေးပညာကို အနောက်တိုင်းဆေးပညာနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆိုသည့် တက္ကသိုလ်၏ရည်မှန်းချက်များ ပေါက်မြောက်အောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေး ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ တေးသီချင်းသရုပ်ဖော် အကများဖြင့် ဧည့်ခံဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သီဆိုကပြဖျော်ဖြေသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၂၀ နှင့် တက္ကသိုလ်များ အားကစား အဆင့်အတန်းမြင့်မားရေးအတွက် အားကစားပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းရင်းဆေးတက္ကသိုလ် ပြခန်းအတွင်း လှည့်လည်ကြည့်ရှုပြီးနောက် အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ သင်ကြားရေး ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ကျောင်း၏ လိုအပ်ချက်များနှင့် ဆရာ/ဆရာမများ၏ အခက်အခဲကို ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။

 

တိုင်းရင်းဆေးတက္ကသိုလ်ကို ၂၀၀၂ ခုနှစ်တွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ယနေ့ အချိန်အထိ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (B.M.T.M)  ပေါင်းကူးဘွဲ့ရရှိသူ ၁၈၀၊ မြန်မာ့တိုင်းရင်းဆေး ပညာဘွဲ့ (M.M.T.M) ရရှိသူ ၈၇ ဦးတို့ကို မွေးထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းစဉ်

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်