the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီး၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် “ဆီးကျောက်တည်ရောဂါ” ခေါင်းစဉ်ဖြင့် (CTME) အခမ်းအနားကျင်းပခြင်း

၂၅-၇-၂၀၂၂၊ နေပြည်တော်

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ နေ့လယ်(၂:၀၀) နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် သဘာပတိများအဖြစ် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင်၊ ဆရာကြီးဦးလှမြင့် နှင့် ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းမှ ဒုတိယဥက္ကဌ၊ဆရာကြီးဦးမြင့်သောင်း တို့မှ ဆောင်ရွက်ကာ အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး ရန်ကုန်မှ ဒေါ်မြတ်ဆုနှင်း (ဒုတိယတိုင်းရင်းဆေးမှူး) နှင့် ဒေါ်မြင့်ဇာလီအုန်း (ဒုတိယတိုင်းရင်းဆေးမှူး)တို့က ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနား၌  ဗိုလ်တထောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ စာတမ်းရှင် လက်ထောက် တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူမှ ဆီးကျောက်တည်ရောဂါအကြောင်းနှင့် တိုင်းရင်းဆေးပညာအကြောင်းကို ဖတ်ကြားဆွေးနွေးပြီး  တိုင်းရင်းဆေးကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဆရာကြီးဦးပေါညိမ်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဆရာဦးမောင်မောင်ဦးနှင့် ဆရာကြီး(၃)ဦး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆရာ/ဆရာမ(၁၄)ဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးတိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တိုင်း/ခရိုင်/မြို့နယ်များမှ ဆရာ/ဆရာမ(၉)ဦး၊ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန်မှ ဆေးရုံအုပ်ကြီး အပါအဝင် ဆရာ/ဆရာမ (၂၈)ဦး စုစုပေါင်း (၅၄)ဦး တက်ရောက်ကာ တိုင်းရင်းဆေး ညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုဝိုင်းဝန်းဆွေးနွေး ခဲ့ကြပါသည်။

စာတမ်းတင်ပြဆွေးနွေးသွားပါသော စာတမ်းရှင်အား ဆရာဦးမောင်မောင်ဦး (ဂရိတ်ဝေါတိုင်းရင်း ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း) မှ ချီးမြှင့်ငွေကျပ်(၁ဝဝ,ဝဝဝိ/-) နှင့် ဆရာဦးခင်မောင်ဝင်း (ရွှေမန်းတောင် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း)မှ  ချီးမြှင့်ငွေကျပ်(၅ဝ,ဝဝဝိ/-)တို့ကို ဆုချီးမြှင့်ခဲ့ကြပါသည်။

အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆရာဦးမောင်မောင်ဦး (ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ပံ့ပိုးကူညီခဲ့ကာ အခမ်းအနားကို ညနေ (၀၄:၀၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်းသတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ