the republic of the union of myanmar

ministry of health

Department of Traditional Medicine

ခုတင်၅၀ဆံ့ ကရင်ပြည်နယ်တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် “ဆီးကျောက်တည်ရောဂါ” ခေါင်းစဉ်ဖြင့် (CTME) အခမ်းအနားကျင်းပခြင်း

၂၅-၇-၂၀၂၂၊ နေပြည်တော်

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် ခုတင်၅၀ဆံ့ ကရင်ပြည်နယ်တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ် ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ဆီးကျောက်တည်ရောဂါ စာတမ်းကို ခုတင်၅၀ဆံ့ ကရင်ပြည်နယ် တိုင်းရင်းဆေးရုံ၌ ကရင်ပြည်နယ်တိုင်းရင်းဆေးဆရာအသင်းခွဲမှ ဥက္ကဌ ဦးအောင်ပွင့်နှင့် ပြည်နယ်ဦးစီးဌာနမှူး ဒေါ်စိုးစိုးယဉ်တို့မှ သဘာပတိအဖြစ်ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ခုတင်၅၀ဆံ့ တိုင်းရင်းဆေးရုံမှ ‌ဒေါ်နွယ်နွယ်သိန်း(သူနာပြု - ၃ )မှ ဆောင်ရွက်ကာ ဘားအံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်မေသဥ္စာဝင်းမှ ဆီးကျောက်တည်ရောဂါ စာတမ်းအား ဖတ်ကြားခဲ့ပါသည်။

 

အခမ်းအနားသို့ ကရင်ပြည်နယ်တိုင်းရင်းဆေးဆရာအသင်းခွဲမှ ဆရာဆရာမများ၊ တိုင်းရင်းဆေးရုံနှင့် ပြည်နယ်ခရိုင်တိုင်းရင်းဆေးကုဌာနတို့မှ ဆရာ/ဆရာမများနှင့် တိုင်းရင်းဆေးပညာ စိတ်ပါဝင်စားသူများ တက်ရောက်သူစုစုပေါင်း (၂၅)ဦး ရှိပါသည်။

တက်ရောက်လာကြသူများမှ စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်း ဆွေးနွေး၊ ဖြေကြားခြင်းနှင့် အတွေ့အကြုံများ မျှဝေဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ
ဆေးဖက်ဝင် ဆီးပင်