the republic of the union of myanmar

ministry of health

Department of Traditional Medicine

မကွေးတိုင်းဒေသကြီး မကွေးမြို့ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် “ဆီးကျောက်တည်ရောဂါ” ခေါင်းစဉ်ဖြင့် (CTME) အခမ်းအနားကျင်းပခြင်း

၂၅-၇-၂၀၂၂၊ နေပြည်တော်

 ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ် ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ဆီးကျောက်တည်ရောဂါ စာတမ်းကို ရေနံချောင်း(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒေါ်မြင့်မြင့်ကြည်၊ လက်ထောက်တိုင်းရင်းဆေးမှူးက စာတမ်း တင်ပြ ဆွေးနွေး ခဲ့ပါသည်။

အခမ်းအနားသို့ မကွေးမြို့ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများနှင့် တိုင်းရင်းဆေးပညာ စိတ်ပါဝင်စားသူများ တက်ရောက်သူစုစုပေါင်း (၄၀)ဦး ရှိပါသည်။

တက်ရောက်လာကြသူများမှ စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်း ဆွေးနွေး၊ ဖြေကြားခြင်းနှင့် အတွေ့အကြုံများ မျှဝေဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ