၁၉-၇-၂၀၂၂
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်မှု တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဥ်ပေးမှုတို့ဖြင့် (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ကျိုင်းတုံမြို့မှ ဆရာ၊ဆရာမများသည် ၁၄.၇.၂၀၂၂ ရက်နေ့တွင် ရပ်ကွက်(၂) ကျိုင်းကာရွာဘုန်းတော်ကြီးကျောင်း၌ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ရာတွင် လူနာဦးရေ စုစုပေါင်း (၅၀)ဦးကို အခမဲ့ ကွင်းဆင်းဆေးကုသခြင်းနှင့် မိုးရာသီတွင်ဖြစ်တတ်သော သွေးလွန်တုပ်ကွေးရောဂါအကြောင်းကို (၂၅)ခုတင်ဆံ့ ကျိုင်းတုံတိုင်းရင်းဆေးရုံ ဆေးရုံအုပ်မှ အသိပညာပေးဟောပြောခဲံပြီး ဒုတိယဆေးရုံအုပ်မှ ပါးရွဲ့ရောဂါအကြောင်း တို့ကိုအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်းသတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။




