၁၉-၇-၂၀၂၂
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ကြီးကြပ်စီစဉ်ပေးမှုတို့ဖြင့် ဧရာဝတီတိုင်းသေကြီး ကျိုက်လတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဦးဆောင်သောအဖွဲ့သည် ၁၈-၇-၂၀၂၂ ရက်နေ့၊ အမျိုးသမီးဘဝမြှင့်တင်ရေး ပရဟိတဂေဟာကျောင်း၌ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူ လူနာဦးရေ (၄၁)ဦးကို အခမဲ့ကွင်းဆင်းဆေးကုသခြင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းကျန်းမာခြင်းအကြောင်း ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။