the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် “ဆီးကျောက်တည်ရောဂါ” ခေါင်းစဉ်ဖြင့် အခမ်းအနားကျင်းပခြင်း

၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက် နေ့လယ်(၁:၀၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးသာ၀င်း က ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ဒေးဒရဲမြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်း ဆေးမှူး၊  ဒေါ်နန့်တင်တင်အေးက ဆောင်ရွက်ပါသည်။ ဖျာပုံခရိုင်တိုင်းရင်းဆေးကုဌာန၊ ခရိုင်တိုင်းရင်းဆေးမှူး၊  ဒေါ်ဇင်ဝင်းမာက ဆီးကျောက်တည်ရောဂါ” အကြောင်း စာတမ်း တင်ပြ ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားသို့ ပုသိမ်တိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများနှင့် တိုင်းရင်းဆေးပညာ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်သူစုစုပေါင်း (၂၁)ဦး ရှိပြီး တက်ရောက်လာကြသူများမှ စာတမ်းနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်း ဆွေးနွေး၊ ဖြေကြားခြင်းနှင့် အတွေ့အကြုံများ မျှဝေဆွေးနွေးကြပြီး အခမ်းအနားကို ညနေ(၃:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ
ဆေးဖက်ဝင် ဆီးပင်