the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်း ဆေးကုသခြင်းနှင့် ပညာပေးဟောပြောခြင်း

၁၁-၇-၂၀၂၂

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်တိုင်းရင်းဆေးရုံမှ  ဆရာ/ဆရာမများသည် ၉-၇-၂၀၂၂ ရက်နေ့တွင် ပုသိမ်မြို့   မျဉ်းကြောင်းဘုန်းကြီးကျောင်းတိုက်၊ ကြည်သာစံပြ‌ကျေးရွာ၌ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသမှုပြုခဲ့ပါသည်။ လာရောက်ဆေးကုသခံယူသူ လူနာဦးရေ ကျား(၁၂)ဦး၊ မ(၂၂)ဦး စုစုပေါင်း (၃၄)ဦး အား အခမဲ့ ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

အဆိုပါ လူနာများအား မိုးရာသီတွင်ဖြစ်တတ်သောရောဂါများအကြောင်းနှင့် တိုင်းရင်းဆေး ပညာဖြင့် ဆောင်ရန်/ရှောင်ရန်များအကြောင်းကို ပညာပေးဟောပြောခဲ့ပါ ကြောင်း သတင်း ရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ