the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းဆေးရုံ/ဆေးကုဌာနများ၏ ၂၀၂၂ ခုနှစ် ဇွန်လအတွင်း တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်းနှင့် ပညာပေး ဟောပြောခြင်း

၆-၇-၂၀၂၂

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတို့ဖြင့် ခုတင်(၅၀)ဆံ့ တောင်ကြီးတိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများသည် ၅-၆-၂၀၂၂ ရက်နေ့၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၊ တောင်ကြီးမြို့၌ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ရာတွင် လူနာဦးရေ ကျား(၆၂)ဦး၊ မ(၇၆)ဦး စုစုပေါင်း (၁၃၈)ဦး ကိုသော်လည်းကောင်း၊  ၁၉-၆-၂၀၂၂ ရက်နေ့၊ အေးသာယာမြို့၊ ရွှေတောင်တန်းပရဟိတ ဘုန်းတော်ကြီးသင်စာသင်တိုက်  ၌ ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ရာတွင် လူနာဦးရေ  ကျား(၇၄)ဦး၊ မ(၈၃)ဦး စုစုပေါင်း (၁၅၇)ဦး ကိုသော်လည်းကောင်း၊ ကျိုင်းတုံခရိုင်၊ တိုင်းရင်းဆေးကုဌာနနှင့် ကျိုင်းတုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၂၃-၆-၂၀၂၂ ရက်နေ့၊ အိမ်တွင်းမှုသင်တန်းကျောင်း၊ ကျိုင်းတုံမြို့၌ ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ရာတွင် လူနာဦးရေ မ(၄၀)ဦး ကိုသော်လည်းကောင်း၊  ကွင်းဆင်းဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်ပြီး ဆေးကုသခံလူနာများအား မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်းနှင့် ဆောင်ရန်/ ရှောင်ရန်များအကြောင်း ကို ဟောပြောခဲ့ပါကြောင်း သိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း