the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် မြိတ်ခရိုင် တိုင်းရင်းဆေးဆရာအသင်းတို့ပူးပေါင်း၍ မြိတ်မြို့ ခုတင်(၂၅)ဆံ့ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် ကျင်းပခြင်း

၂၀၂၂ ခုနှစ် မေလ ၃၀ ရက် နေ့လယ် (၀၁:၀၀)နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မြိတ်ခရိုင် တိုင်းရင်းဆေးဆရာအသင်းတို့ပူးပေါင်း၍ မြိတ်မြို့ ခုတင်(၂၅)ဆံ့ တိုင်းရင်းဆေးရုံတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း ဗဟိုအလုပ်အမှုဆောင် ဦးတင်ဝင်းမှ ဆောင်ရွက်ခဲ့ပြီး ဝက်သက်ရောဂါကုထုံးအကြောင်းစာတမ်းအား မြိတ်မြို့ ခုတင်၂၅ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်မာကြူက တင်ပြ ဖတ်ကြားခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်နှင့် တိုင်းရင်းဆေးရုံ၊ ဆေးကုဌာန များမှ  ဆရာ/ဆရာမ (၁၃)ဦး တက်ရောက်ခဲ့ပြီး နေ့လယ်(၀၃:၀၀) နာရီတွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့