၂၀၁၇ ခုနှစ် ဇူလိုင်လအတွက် CTME အခမ်းအနားကို နေပြည်တော် ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားမှူးအဖြစ် နေပြည်တော် ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီးမှ လက်ထောက် တိုင်းရင်းဆေးမှူး ဆရာဦးညီညီအောင်နှင့် ဆရာဦးစိုးထက်အောင်တို့က ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင် ဆရာ/ ဆရာမ (၆၂) ဦးတက်ရောက်ခဲ့ပါသည်။
သဘာပတိအဖြစ် ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီးမှ ဆရာကြီး ဦးဝေဝင်း ဆေးရုံအုပ်ကြီး (ငြိမ်း) မှ ဆောင်ရွက်ခဲ့ပါသည်။ ဆရာကြီးဦးဝေဝင်းမှ CTME ကျင်းပရခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် CTME အခမ်းအနားကို (၂၀၁၆ ခုနှစ် မေလ) တွင် ကျင်းပပြုလုပ်သော သွေးတိုးရောဂါမှစ၍ နေပြည်တော်နှင့် တစ်နိုင်ငံလုံးရှိ တိုင်းရင်းဆေးရုံများတွင် လစဉ်ကျင်းပ ခဲ့ကြောင်း ယခုလအထိဆိုလျှင် CTME ကျင်းပခဲ့တာ(၁၄)ကြိမ်ရှိပြီဖြစ်ကြောင်း တိုင်းနှင့် ပြည်နယ်များတွင်လည်း လစဉ်သတ်မှတ်ထားသော ခေါင်းစဉ်နှင့် တူညီစွာဆောင်ရွက်ခဲ့ကြကြောင်း ယခုလို CTME ကျင်းပရခြင်းကြောင့် တက်သစ်စ တိုင်းရင်းဆေးဆရာများအနေနဲ့ ဝါရင့် တိုင်းရင်းဆေးဆရာကြီးများ၏ အတွေ့အကြုံများကို ဆွေးနွေးခွင့်ရရှိတဲ့အတွက် များစွာ အကျိုးရှိပါကြောင်း ဒါကြောင့် တက်ရောက်လာသူ ဆရာ/ ဆရာမများမှ မိမိတို့ရဲ့ အတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေးအကြံပြုပေးကြပါရန် မေတ္တာရပ်ခံ ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စာတမ်းရှင်များဖြစ်သော ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီးမှ ဆရာဦးအောင်သူနှင့် ဆရာမဒေါ်သင်းသင်းမိုး (ဒု- တိုင်းရင်းဆေးမှူး) တို့မှ ထုံနာကျဉ်နာစာတမ်းနှင့် ပတ်သက်၍ထုံနာကျဉ်နာသည် ရောဂါ၏လက္ခဏာတစ်ခုဖြစ်ကြောင့်နှင့်ရောဂါအလိုက်ဖြစ်စေသော အကြောင်းအရင်းများ ကုထုံးဆေးချက်များ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များနှင့် ရှောင်ကြဉ်ရန်အချက်များ စသည်တို့ကိုပြည့်စုံစွာဖတ်ကြာခဲ့ပါသည် ၎င်းနောက် တက်ရောက်လာသူ ဆရာကြီး/ဆရာမကြီးများမှ ထုံနာကျဉ်နာနှင့် ပတ်သတ်၍ မိမိတို့၏ အတွေ့အကြုံများကို ဝိုင်းဝန်းဆွေး နွေး၍အကြံပြုကြပါသည်။
၎င်းနောက်သဘာပတိဆရာကြီးမှတက်ရောက်လာသောဆရာ/ဆရာမများမှ ယခုလို ဝိုင်းဝန်း ဆွေးနွေး အကြံပြုပေးကြတဲ့ အတွက်အထူး ကျေးဇူးတင်ရှိကြောင်းပြောကြားရင်းနိဂုံချုပ်ခဲ့ပါသည်။
အခမ်းအနာကို နေ့လယ် (၁၂း၀၀) နာရီ တွင်ရုတ်သိမ်းခဲ့ပါသည်။ ယနေ့ပြုလုပ်သည့် CTME အခမ်းအနားကို (မုံရွာဆရာမိုး တိုင်းရင်းဆေးဝါးထုတ်လုပ် ရေး)မှ ကူညီပံ့ပိုးပေးပါသည်။
ထို့နောက် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဥက္ကဌဒေါက်တာအောင်နိုင်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့်နှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၏ ဝိုင်းဝန်းအကြံပြုဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
တိုင်းရင်းဆေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ကို ၂၀၁၇ ခုနှစ်၊ ဇွန်လ(၉) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၃၈/၂၀၁၇) ဖြင့်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။