the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကွန်ပျူတာဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

၁။ စီမံရေးရာ(ရုံးစာများ)၊ ကျောင်းသားရေးရာဌာန(ရုံးစာများ)ကိစ္စရပ်များ ဆောင် ရွက်ပေးခြင်း။

 

၂။ တိုင်းရင်းဆေးတက္ကသိုလ်ရှိ ပထမနှစ်၊ ကျောင်းသား၊ ကျောင်းသူများအား Computer ဘာသာရပ် စာတွေ့၊ လက်တွေ့သင်ကြားပေးခြင်း။ ကျောင်းသား/ သူများ အင်တာနက်မှ စာများရှာဖွေခြင်းများတွင်လည်း ဌာနမှ ဆောင်ရွက်ပေးခြင်း။

 

၃။ Lunch Time Talk အစီအစဉ်တွင် PowerPoint Presentation အတွက် Computer နှင့် Projector စက်များ ပြင်ဆင်ဆောင်ရွက်ပေးခြင်း။

 

၄။ CTME Programme တွင် PowerPoint Presentation အတွက် Computer နှင့် Projector စက်များ ပြင်ဆင်ဆောင်ရွက်ပေးရခြင်း၊ ပဟေဠိအစီအစဉ်တွင် မေးခွန်းများ ရိုက်ခြင်း၊ ပါဝင်ဆောင်ရွက်ပေးခြင်း။

 

၅။ တိုင်းရင်းဆေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်သော အခမ်းအနားများ၊ အစည်း အဝေးများတွင် Computer နှင့် Projector စက်များ ပြင်ဆင်ဆောင်ရွက် ပေးခြင်း။

 

၆။ Seminar, Workshop, Protocol Board, Case Presentation စာတမ်းဖတ်ပွဲ များတွင် စက်ပိုင်းဆိုင်ရာများ စီစဉ်ဆောင်ရွက်ပေးခြင်း။

 

၇။ တိုင်းရင်းဆေးတက္ကသိုလ်သို့ ပြင်ပတက္ကသိုလ်များမှ လာရောက်လေ့လာခြင်း များတွင် PowerPoint Presentation, Computer နှင့် Projector စက်ပိုင်း ဆိုင်ရာများ စီစဉ်ဆောင်ရွက်ပေးခြင်း။

 

၈။ တိုင်းရင်းဆေးတက္ကသိုလ်၏ ဖွဲ့စည်းထားသော အဖွဲ့အစည်းများတွင် ပါဝင် ဆောင်ရွက်ခြင်း။

 

၉။ တိုင်းရင်းဆေးတက္ကသိုလ် ရှိ အင်တာနက်ဆက်သွယ်ရေး ကောင်းမွန်စေရေး ပြတ်တောက်မှု မရှိစေရေး အတွက်လည်း အမြဲ ထိန်းသိမ်းစောင့်ကြည့်ပေးခြင်း နှင့်အထက်ဦးစီးဌာနများသို့လည်းအီမေးများအချင်းချင်းဆက်သွယ် ဆောင်ရွက် ပေးခြင်း၊ သင်ကြားရေး စာသင်ခန်းများတွင်ရှိသော သင်ထောက်ကူပစ္စည်း များ၏ ထိန်းသိမ်း ပြုပြင်မှုများ ဆောင်ရွက်ပေးခြင်း။

 

၁၀။ Mid-Term Test စာမေးပွဲ၊ အတန်းတင်စာမေးပွဲ၊ နောက်ဆက်တွဲ စာမေးပွဲ ကိစ္စရပ်များ ဆောင်ရွက်ခြင်း။ အောင်စာရင်းထွက်ရှိရေးကိစ္စရပ်များ ဆောင်ရွက် ခြင်း။

 

၁၁။ ပုံမှန်သင်တန်း၊ ပေါင်းကူးသင်တန်း၊ မဟာသင်တန်းများ၏ အမှတ်စာရင်း ထုတ်ပေးရေး ကိစ္စရပ်များဆောင်ရွက်ခြင်း။

 

၁၂။ ဘွဲ့နှင်းသဘင်ကိစ္စရပ်များ၊ ပေါင်းကူး၊ မဟာ သင်တန်းဝင်ခွင့် စာမေးပွဲကိစ္စရပ် များ အခါအားလျော်စွာ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)မှ ကျင်းပသော ရာထူးတိုးများ၊ တဆသက်တမ်းတိုး စာမေးပွဲများ တွင် ပူးပေါင်းဆောင်ရွက် ခြင်း။

 

၁၃။ တိုင်းရင်းဆေးတက္ကသိုလ် ကွန်ပျူတာဌာနရှိကွန်ပျူတာများ ပျက်စီးမှု နည်းပါး အောင်း ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း။

 

၁၄။ အထက်အဆင့်ဆင့်မှ ညွှန်ကြားလာသော တာဝန်ဝတ္တရားများ၊ ဌာနအကြီးအကဲ မှ ပေးအပ်သည့် တာဝန်များ ဆောင်ရွက်ခြင်း။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ