the republic of the union of myanmar

ministry of health

Department of Traditional Medicine

အမျိုးသမီးနှင့်သွေးဆုံးခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာပေးအစီအစဉ်  အမျိုးသမီးနှင့်သွေးဆုံးခြင်း ဆွေးနွေးခြင်း

 

တိုင်းရင်းဆေးပညာဦးစီးဌာန နှင့် နေပြည်တော် ခုတင်(၁၀၀)တိုင်းရင်းဆေးရုံကြီးတို့ ပူးပေါင်း၍ စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးအစီအစဉ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ တွင် နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့ပါသည်။

 

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးဆရာမကြီး ဒေါ်ရင်ရင်သီ၊ ဒုတိယပါမောက္ခဌာနမှူး(ငြိမ်း)၊ တိုင်းရင်းဆေးတက္ကသိုလ်က ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားမှူး အဖြစ် နေပြည်တော် ခုတင် ၁၀၀ တိုင်းရင်းဆေးရုံကြီးမှ လ/ထတိုင်းရင်းဆေးမှူး ဦးလင်းသီဟမြင့်နှင့် ဒု-လ/ထတိုင်းရင်းဆေးမှူး ဦးဇင်လင်းဦး တို့က ဆောင်ရွက်ပါသည်။

 

ထို့နောက် သဘာပတိဆရာမကြီး ဒေါ်ရင်ရင်သီမှ အမျိုးသမီးနှင့်သွေးဆုံးခြင်းစာတမ်းတွင် အမျိုးသမီးများအတွက် အရေးကြီးသော အပိုင်းဖြစ်ပြီး၊ သွေးဆုံးမီးယပ်နှင့် သွေးဆုံးရောဂါ အကြောင်းကို ဆွေးနွေးပြောကြားခဲ့ပါသည်။

 

စာတမ်းရှင် တိုင်းရင်းဆေးမှူး ဒေါ်ခင်မေလေးမှ အမျိုးသမီးနှင့်သွေးဆုံးခြင်း စာတမ်းနှင့် ပတ်သက်၍ ဖြစ်ပုံအခြင်းအရာ၊ ရှေ့ပြေးလက္ခာများ၊ သွေးဆုံးခြင်းအမျိုးအစားများ၊ ရောဂါ လက္ခဏာ၊ ကုသပုံနည်းစနစ်များနှင့် ဆောင်ရန်ရှောင်ရန် တို့ကို တိုင်းရင်းဆေးပညာအမြင်၊ အာယုဗ္ဗေဒအမြင်၊ အနောက်တိုင်းဆေးပညာ အမြင်တို့ဖြင့် အကျယ်တဝင့် ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။

 

ထို့နောက် တက်ရောက်လာကြသူများမှ မေးမြန်းဆွေးနွေးချက်များကို ဆရာမကြီး ဒေါ်ရင်ရင်သီ မှ ပြန်လည်ဖြေကြားခဲ့ပြီး အတွေ့အကြုံများကို ဝေမျှဆွေးနွေးပေး ခဲ့ပါသည်။

 

သဘာပတိဆရာမကြီး ဒေါ်ရင်ရင်သီ မှ နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနား ကို နေ့လည် ၁၂ : ၀၀ နာရီ တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း