the republic of the union of myanmar

ministry of health

Department of Traditional Medicine

လေငန်းရောဂါစာတမ်း

စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာပေးအစီအစဉ် “ လေငန်းရောဂါစာတမ်း ” ဆွေးနွေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန နှင့် နေပြည်တော် ခုတင်(၁၀၀)တိုင်းရင်းဆေးရုံကြီးတို့ ပူးပေါင်း၍ စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးအစီအစဉ်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ တွင် နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့ပါသည်။

 

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးဆရာကြီး ဦးမြင့်အောင်(ငြိမ်း)၊ ညွှန်ကြားရေးမှူး(စီမံ) က ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားမှူးအဖြစ် နေပြည်တော် ခုတင် ၁၀၀ တိုင်းရင်းဆေးရုံကြီးမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်အေးနှင်းနွယ် နှင့် လ/ထတိုင်းရင်းဆေးမှူး ဒေါမူယာဝင်း တို့က ဆောင်ရွက်ပါသည်။

 

ထို့နောက် သဘာပတိဆရာကြီး ဦးမြင့်အောင်မှ လေငန်းရောဂါစာတမ်းတွင် တိုင်းရင်းဆေး ပညာနည်းစနစ်အရယူဆနည်း၊ ကုသနည်းများကို သိရှိစေရန် ရည်ရွယ်၍ လေငန်းရောဂါအဓိပ္ပါယ်၊ လေငန်းရောဂါဖြစ်ပုံ၊ လေငန်းရောဂါ အမျိုးအစားများ၊ လေငန်းရောဂါနှင့် ဆေးနည်းများ အကြောင်း ဆေး၏ဆေးစွမ်းအကျိုးအာနိသင်များ ကို ပြောကြားသွားပါသည်။

 

စာတမ်းရှင် တိုင်းရင်းဆေးမှူး ဒေါ်စန်းစန်းဝင်းမှ လေငန်းရောဂါနှင့်ပတ်သက်၍ ဖြစ်ပုံအခြင်းအရာ၊ ရှေ့ပြေးလက္ခာများ၊ လေငန်းအမျိုးအစားများ၊ ရောဂါလက္ခဏာ၊ ကုသပုံနည်းစနစ်များနှင့် ဆောင်ရန်ရှောင်ရန် စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းခဲ့ပါသည်။

 

ထို့နောက် တက်ရောက်လာကြသူများမှ မေးမြန်းဆွေးနွေးချက်များကို မေမြန်းချက်များကို ဆရာကြီး ဦးမြင့်အောင် မှ ပြန်လည်ဖြေကြားခဲ့ပြီး အတွေ့အကြုံများကို ဝေမျှဆွေးနွေးပေး ခဲ့ပါသည်။

 

သဘာပတိဆရာကြီး ဦးမြင့်အောင် မှ နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို နေ့လည် ၁၂ : ၀၀ နာရီ တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ