၁။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်/သက်တမ်းတိုး) များ၏ အထွေထွေကိစ္စရပ်များ နှင့်ပတ်သက်၍ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေး (၅/၂၀၂၀) ဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်/ သက် တမ်းတိုး) (၁၀)စောင်၏ လိုအပ်ချက်စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ ဤစာထုတ်ပြန်သည့် နေ့ရက်မှစ၍ (၃) လအတွင်း သက်ဆိုင်ရာလိုအပ်ချက်များကို ပေးပို့ဆောင်ရွက် ရန်နှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၄/၂၀၁၉) ဆုံးဖြတ်ချက်အရ (၆)လ အတွင်း ပေးပို့ဆောင်ရွက်ခြင်းမပြုပါက ပယ်ဖျက်မည်ဖြစ်ပြီး ပယ်ဖျက်ပြီးပါက မှတ်ပုံတင်/လိုင်စင်များ ပျက်ပြယ်ကြောင်း ကြေညာမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
၃။ ဤကြော်ငြာစာအမှတ်ကို ရည်ညွှန်း၍ ပြင်ဆင်ပြီး တံဆိပ်(၃)စုံ၊ အခြားလိုအပ်ချက်များနှင့်အတူ ပိုင်ရှင် (သို့မဟုတ်) ကြီးကြပ်သူမှ လက်မှတ်ရေးထိုး၍ ပြင်ဆင်တင်ပြစာဖြင့် ပြန်လည်ပေးပို့ရမည် ဖြစ်ပါသည်။