ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ သမိုင်း၊ အနုပညာယဉ်ကျေးမှု အမွေအနှစ်များနှင့် ရိုးရာဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တိုင်းရင်းသားများ၏ ရိုးရာအစဉ်အလာ ဆေးပညာရပ် များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဆေးပညာအစဉ်အလာနှင့် ဓလေ့များကို လျှပ်တစ်ပြက် လေ့လာခြင်းစာအုပ်အား ထုတ်ဝေရခြင်း ဖြစ်ပါသည်။
တိုင်းရင်းဆေးပညာဦးစီးဌာနသည် တိုင်းရင်းသားများ၏ ရိုးရာဆေးပညာအစဉ်အလာနှင့်ဓလေ့များကို အကောင်းဆုံးရှာဖွေ ပြုစုတင်ပြထားပြီး၊ ပထမအကြိမ် ထုတ်ဝေသော စာအုပ် ဖြစ်ပါသည်။